Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်ကန် ၃၉ ခု အနက် နှစ်ခုသာ ရေပိုရေလွှဲမှ ရေကျော်

ဆည်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ပဲခူးတိုင်း ဒေသကြီးအတွင်းတွင် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ဆည်ကန် ၃၉ ခုအနက် ဆည်နှစ်ခုတွင်သာ ရေကျော်စီးဆင်းလျက်ရှိ ကြောင်းနှင့် ယင်းဖြစ်ရပ်သည် သာမန်အဆင့် သာရှိပြီး ထူးထူးကဲကဲရေကျော်သည့် အဆင့် မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

“ဆည်နှစ်ခုကတော့ လက်ရှိ ရေပိုလွှဲက ရေကျော်စီးနေပါတယ်၊ အဲဒီရေကျော်စီးဆင်း တာကလည်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အဆင့်ပဲရှိပြီး ထူးထူးကဲကဲ ရေကျော်တာမျိုး မဟုတ်ပါဘူး၊ အဲဒီဆည်နှစ်ခုအပြင် ကျန်ရှိ နေသေးတဲ့ ဆည်တွေကိုလည်း တာဝန်ရှိသူ တွေက အချိန်ပြည့်စောင့်ကြပ်နေပြီး ဆည်တမံတွေရဲ့ ကြံ့ခိုင်လုံခြုံရေးကို ကြိုတင်စီမံ ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် ပဲခူးတိုင်း ဒေသကြီးထဲမှာရှိတဲ့ ရေဘေးကာကွယ်ရေး တာတွေကိုလည်း တောင့်တင်းခိုင်မာပြီး လုံခြုံစိတ်ချရအောင် ဌာနအနေနဲ့ ကြိုတင် စီမံဆောင်ရွက် ထားပြီးဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန် ကြားရေးမှူးက ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်၊ ကန်များမှ ၂၀၁၇-၂၀၁၈ ခုနှစ် နွေစပါးရာသီတွင် စုစု ပေါင်း နွေစပါးစိုက်ဧက ၁၇၇၀၀၈ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကာ ယခင်နှစ်ကထက် ၅၂၃၀၉ ဧက ပိုမိုစိုက်ပျိုးနိုင်အောင် ဆောင် ရွက်ပေးနိုင်ခဲ့ပြီး ပြည်သူအတွက် အကျိုး ပြုနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.