Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်ဝှေခါကျေးရွာအနီး တွင် မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၁)ဦးသေဆုံး

ဖားကန့်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ဖားကန့်မြို့နယ်ဝှေခါကျေးရွာအနီး တွင် မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၁)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၀၁ ရက်နေ့ ၂၀း၀၀ နာရီ အချိန် ဖားကန့်မြို့နယ် ဝှေခါကျေးရွာ အနီးရှိ နိုင်ငံတော်နှင့်အကျိုးတူ ဂျိတ်လင်းကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း အမြင့်ပေ (၃၅၀)ခန့်မှ မြေစာနှင့်အတူ ရေများ ကျဆင်းလာသဖြင့် တဲထိုးနားနေသော ရေမဆေးကျောက် ရှာဖွေသူ (၅)ဦးအနက် မောင်တိုး၊ (၂၂)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဝင်း၊ အလယ်ရှိကျေးရွာ ခင်ဦးမြို့နယ် နေသူတွင် မြေစာ/ရွှံ့နှုန်းရေပိသေဆုံးနှင့် မောင်စိုး၊ (၂၄)နှစ်၊ ဗမာ/ဗုဒ္ဓ၊ အလယ်ရှိကျေးရွာ ခင်ဦး မြို့နယ်နေသူပါ (၂)ဦးတွင် မေးရိုးကျိုး၊ ချိုစောင်း၊ နားရွက်၊ ဒူးပေါက်ပြဲ ကျောက်ခဲထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ဖားကန့်မြို့ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ပြီး ဖားကန့်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၆၁/၂၀၁၇)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.