Connect with us

Environment, Disasters & Accidents

ပျော်ဘွယ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းပေါ်ရေကျော်၍ ကျေးရွာသို့ ရေများ ဝင်ရောက်

ပျော်ဘွယ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းပေါ်ရေကျော်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ပျော်ဘွယ်မြို့နယ်အတွင်း အောက်တိုဘာလ(၃)ရက်၊ နံနက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ရန်အောင် ကျေးရွာရှိ ရန်အောင်ကန်ရေလျှံကာ ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်ရေကျော်ပြီး ရန်အောင်ကျေးရွာ၊ ပင်းစု ကျေးရွာ၊ ပဲ့ကန်ကျေးရွာ၊ စပါယ်ကုန်းကျေးရွာများသို့ ရေများဝင်ရောက်ခဲ့မှုကြောင့် သီးနှံစိုက်ခင်းများအတွင်း ရေဝင် ရောက်ခြင်း၊ ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်ရေကျော်နေခြင်းတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကန်သည် ကန်ဘောင်အလျား(၇၅၀၀)ပေ၊ ကန်ဘောင်အမြင့်(၁၂)ပေ၊ ရေလှောင်ပမာဏ(၂၀၆) ဧကပေရှိကာ စိုက်ဧက(၄၈၀) ဧကကို စိုက်ပျိုးရေပေးဝေနေသောကန်ဖြစ်ပြီး အောက်တိုဘာလ(၃)ရက် နံနက်ပိုင်းတွင် ရွာသွန်းခဲ့သော မိုးကြောင့် ကန်ဘောင်ပေါ်မှ ရေလျှံခဲ့ကာ နံနက်(၆)နာရီခန့်တွင် ပျော်ဘွယ်-နတ်မောက်ကားလမ်းမပေါ်တွင် ရေအမြင့်ပေ(၃)ပေခန့်၊ လမ်းအရှည် (၁)မိုင်ခန့်မှာ ရေကျော်နေခြင်းကြောင့် ခေတ္တလမ်းပိတ်ထားခဲ့ရကြောင်း ၊ရေဝင်ရောက်ခဲ့သည့်ကျေးရွာများသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိပြီး မိုးစပါးစိုက်ဧက(၁၇၅) ဧကခန့်မှာ ရေများဖုံးလွှမ်းခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.