Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျမှုကြောင့် ရေးမဆေးကျောက်ဝယ်သူ ၁ ဦး သေဆုံး

မြေစာပုံတွင်အလုပ်လုပ်နေကြသူများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက် )

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျမှုကြောင့် ရေးမဆေးကျောက်ဝယ်သူ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မတ်လ ၁ ရက်နေ့ ၁၆း၃၀နာရီ တွင် ဦးခန်းဒါတူးမိုင်(၅၀)နှစ် သည် အဆိုပါမြို့နယ် ဝှေခါကျေးရွာရှိ ချောင်ဘရားသားကုမ္ပဏီ(အကျိုးတူ) လုပ်ကွက်ရှိမြေစာပုံ၌ ရေမဆေးကျောက်ရှာဖွေ နေသည့် သားဖြစ်သူထံသို့ ရေမဆေးကျောက်ဝယ်ရန် ရောက်ရှိစဉ် အမြင့်ပေ ၂၀၀ ခန့်မှ မြေစာများ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဦးခန်းဒါတူးမိုင်၏ ဦးခေါင်းအား ထိမှန်ခဲ့ရာ ဦးခေါင်းကွဲကြေဒဏ် ရာ ရရှိခဲ့ခြင်းကြောင့် ၎င်းအား ဖားကန့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန်ထွက်ခွာလာစဉ် လမ်း၌ သေဆုံးသွားခဲ့သဖြင့် ၁၉း၃၀ အချိန်တွင် ဖားကန့်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁၇/၂၀၁၈)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.