Environment, Disasters & Accidents
ဘိုကလေးမြို ့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဘဲမွေးမြူသူ တစ်ဦး မိကျောင်း ဆွဲခံရပြီး သေဆုံး
ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စုအတွင်း နေထိုင်သော တစ်နိုင်တစ်ပိုင် ဘဲမွေးမြူသူ တစ်ဦးသည် ဘဲစာကျွေးရန် ချောင်းအတွင်း ရေငုပ်စဉ် မိကျောင်းကိုက်ချီ ဆွဲယူသွားခဲ့ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းအနီးတွင် နေထိုင်သော လယ်ယာ လုပ်ငန်း လုပ်ကိုင်ပြီး တစ်နိုင်တစ်ပိုင် ဘဲမွေးမြူသူသည် စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်း အချိန်တွင် ချောင်းအတွင်း ရေငုပ်ကာ ခရုကောက်နေစဉ် မိကျောင်း ကိုက်ချီ ဆွဲယူခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဇွန်လ အတွင်းက ဆင်အိုင်စလောင်းကျ ကျေးရွာ၌ နေထိုင်သူ တစ်ဦးသည် ဘဲစာပုံးကို ရေစပ်တွင် ဆင်းဆေးရာ ချောင်းအတွင်းမှ မိကျောင်း ကိုက်ချီ ဆွဲယူ သွားခြင်းခံရခြင်း ရှိခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်အတွင်း ချောင်းစပ်ကျေးရွာများတွင် မိကျောင်းကိုက်ချီ မှု နှစ်အလိုက် ဖြစ်ပွားလျက် ရှိပြီး ချောင်းမြောင်းများအတွင်း သတိထားနေထိုင်ရန် အသိပေးထားပြီး ယခုရာသီသည် မိကျောင်းအမများ ဥဥကြပြီး အသိုက် ဆောက် သားပေါက်ချိန် ဖြစ်ကြောင်း သိရသည်။(Xinhua)