Connect with us

Environment, Disasters & Accidents

၂၀၁၆ – ၂၀၁၇ ပထမ ငါးလ အတွင်း သစ်တန် ၁၉,၁၀၀ ကျော် ဖမ်းဆီးရရှိခဲ့ဟု ဆို

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ ကျွန်း၊သစ်မာ နှင့် အခြားသစ် တန် ၁၉,၁၀၀ ကျော်၊ တရားခံ ၃,၃၀၀ ကျော်၊ ယာဉ်ယန္တရား အစီးတစ်ထောင်ခန့် တို့ကို ဖမ်းဆီးရရှိခဲ့သည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ “ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ်ခွင့် ရပ်ဆိုင်းရန်နှင့် တရားမဝင် သစ်ခိုးထုတ်နေခြင်းကို ထိရောက်စွာ အရေးယူရန် အစီအစဉ် ရှိမရှိ” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးထုတ် သယ်ဆောင်မှုများကို နည်းလမ်း ငါးခုဖြင့် စုံစမ်း ဖော်ထုတ်ပြီး ဖမ်းဆီး အရေးယူလျက်ရှိရာ ၂၀၀၀ – ၀၁ မှ ၂၀၁၅ – ၁၆ ခုနှစ် အထိ ၁၆ နှစ်တာအတွင်း တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြား စုစုပေါင်း ၆၃၀,၉၉၉ ဒသမ ၉၇ တန်၊ တရားခံပေါင်း ၁၀၀,၉၄၃ ဦး၊ ယာဉ် ယန္တရားပေါင်း ၁၃,၉၅၆ စီး တို့ကို ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက လွှတ်တော်သို့ပြောခဲ့သည်။
နည်းလမ်း ငါးခုတို့မှာ တိုင်းဒေသကြီးများ ဆုံရာဒေသများ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ရေလမ်းကြောင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကျောက်မဲ၊ ကသာ ခရိုင်များ စသည်တို့တွင် စီမံချက်များ ချမှတ် ဖမ်းဆီးခြင်း၊ သတင်းရယူ စုံစမ်း ဖော်ထုတ် ဖမ်းဆီးခြင်း၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စသည့် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဖမ်းဆီးခြင်း၊ တရားမဝင် သစ်များ ထွက်ရှိနိုင်သည့် ဒေသများသို့ရှောင်တခင် ဝင်ရောက် ဖမ်းဆီးခြင်း၊ တစ်ဘက်နိုင်ငံသို့ ထွက်ရှိနိုင်သည့် လမ်းကြောင်းများမှ ပိတ်ဆို့ဖမ်းဆီးခြင်း စသည်တို့ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.