Environment, Disasters & Accidents
မကွေးတိုင်းဒေသကြီးတွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး လူ၂ဦးသေ၊ ၈ ဦးဒဏ်ရာရရှိ
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး မကွေး-ရေနံချောင်းသွားလမ်း၊ ဒေါင်းနေချောင်းတံတားအနီးမိုင်တိုင်အမှတ် ၃၄၇/၀ တွင် မေ ၁၇ ရက်၊မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး လူ၂ဦးသေ၊ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ချောက်မြို့မှ မကွေးမြို့သို့ ပြေးဆွဲလာသည့်ရွှေမိတ်သစ်ယာဉ်လိုင်းမှ ခရီးသည်တင် မော်တော် ယာဉ်သည် တိုက်ရော့ပြုတ်၍ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မကွေးမှ ချောက်သို့ ပြေးဆွဲသောရွှေမိတ်သစ်ခရီးသည် တင်ယာဉ်အားမျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ရှစ်ဦးဒဏ်ရာ ရရှိကာ ဒဏ်ရာရရှိသူများအား မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။(Xinhua)