Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး၌ နေအိမ် ၂၇လုံး မီးကူးစက်လောင်ကျွမ်း

တွံ့တေး-လှိုင်သာယာလမ်းအနီးရှိ လမ်းဘေး စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့စဉ်က မြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၂၇လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကျေးရွာရှိ နှစ်ထပ်အိမ်တစ်လုံး၏ မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းပြီး အနီးရှိ နေအိမ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၊ ယင်း မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ကယ်(၁)စီး၊ လယ်ထွန်စက်(၂)စီး၊ စပါးချွေလှေ့စက် (၁)လုံး မီးလောင်ခံခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှုအား မြို့နယ်မီးသတ်စခန်း၊ နတ်မောက်မြို့နယ် မီးသတ်စခန်း၊ တောင်တွင်းကြီးမြို့နယ် မီးသတ်စခန်းနှင့် အခြားမီးသတ်စခန်းများမှ လာရောက် မီးငြှိမ်းသတ်ရာ ည ၇နာရီ ၄၀မိနစ်၌ မီးငြှိမ်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.