Connect with us

Environment, Disasters & Accidents

အင်းတော်ကြီးအိုင်အတွင်း စက်လှေတိမ်းမှောက်မှုကြောင့် ၉ဦးသေဆုံး

မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီး ဘုရားအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်း ညောင်ပင်ရွာနှင့်နှီးဘုရားကြား၌ ဖေဖော်ဝါရီ ၂၅ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော လူ၉ဦး၏ ရုပ်အလောင်းများ တွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

စက်လှေတိမ်းမှောက်မှုကြောင့် လုံးစန့်ကျေးရွာနေ အသက် ၁၄နှစ်အရွယ် ကျောင်းသားကျောင်းသူ ၈ဦး နှင့် အရပ်သူ ၁ဦး စုစုပေါင်း ၉ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေတိမ်းမှောက်မှုအား မိုးညှင်းမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိအပါအဝင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ စုစုပေါင်း (၂၈)ဦးတို့မှ စက်လှေ (၂)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၆ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်တွင် ယင်း ရုပ်အလောင်း (၉)လောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှေပေါ်လိုက်ပါလာသော ၁၈ဦးတွင် ၉ဦးအား အသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့ပြီး ၉ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်ပါ ကျောင်းသားကျောင်းသူများသည် လုံးစန့်ရွာမှ အင်းတော်ကြီး ဘုရားဖူးရန် ထွက်ခွာလာစဉ် စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.