Environment, Disasters & Accidents
မကွေးတိုင်းဒေသကြီး မင်းဘူး မြို့နယ် အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အဦ ကြမ်းခင်းလောင်းစဉ် ပြိုကျမှု ဖြစ်ပွား

ရန်ကုန် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ် အတွင်းရှိ ဆောက်လုပ်ဆဲအဆောက်အဦ တစ်ခုမှာ ယနေ့သြဂုတ် ၃ ရက်တွင် ကြမ်းခင်းလောင်းစဉ် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ထိုသို့ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ဦး အပြင် လူတစ်ဦး ပိတ်မိရာမှ ကယ်ထုတ်ခဲ့ရကြောင်း ၎င်းတို့သုံးဦးအား မင်းဘူး ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
မင်းဘူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သီရိမင်္ဂလာရပ်၊ မင်းဘူး-စကုကားလမ်းမဘေးရှိ သံဖရိန် steel structure နှစ်ထပ် အမျိုးအစား ဆောက်လုပ်ဆဲ အဆောက်အဦမှာ ကြမ်းခင်းလောင်းစဉ် ပြိုကျပြီး လူတစ်ဦး ပိမိနေခဲ့သဖြင့် မင်းဘူး ခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ရှာကယ်ကရိန်း(၁) စီး၊ သူနာတင်ယာဉ် (၁) စီးဖြင့်သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)