Connect with us

Environment, Disasters & Accidents

ရန်ကုန်လေဆိပ်၌ Golden Myanmar လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဆင်းသက်ချိန် ရှေ့ဘီးကျိုးမှုဖြစ်ပွား၊ လေဆိပ် ယာယီပိတ်


ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယနေ့ (သြဂုတ် ၂ ရက်) ညနေ ၄နာရီ ၃၇ မိနစ်ခန့်တွင် Golden Myanmar လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဆင်းသက်ချိန် ရှေ့ဘီးကျိုးမှုဖြစ်ပွားခဲ့သဖြင့် လေဆိပ်ကို ယာယီပိတ်ထားကြောင်းလေကြောင်း ပို့ဆောင်ရေး ညွန်ကြားရေး ဦးစီး

ဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဆင်ဟွာ သတင်းဌာနသို့ပြောကြားသည်။

” ရှေ့ဘီးကျိုးသွားတဲ့ လေယာဉ်ကို ပြေးလမ်းပေါ်ကနေ ဖယ်ရှားဖို့ အမြန်ဆုံးဆောင်ရွက်နေပါတယ် ၊ အလွန်ဆုံး ၄၅မိနစ် တစ်နာရီဆို လေဆိပ်ပြန်ဖွင့်နိုင်မှာပါ” ဟု ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် ဆင်ဟွာသို့ပြောသည်။

Golden Myanmar လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ရှေ့ဘီးကျိုးမှု ဖြစ်ပွားစဉ်(Nobel Aung)

မန္တလေးမှရန်ကုန်သို့ ပျံသန်းလာသည့် Golden Myanmar လေကြောင်းလိုင်းမှ ခရီးစဉ် Y5-506 ATR-72-600 Series လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ဘီးကျိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ခရီးသည် ထိခိုက်မှုမရှိပါဘူး၊ လေယာဉ်ဆင်းချိန် မိုးက တအားရွာနေတာလဲ ပါတယ်” ဟု လေဆိပ်တွင် တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၇၀ ကျော်ပါဝင်ပြီး ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ယာယီပိတ်ထားရခြင်းကြောင့် လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်များနှင့် လေဆိပ်သို့ ဆိုက်ရောက်မည့် လေယာဉ်များ အချိန်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။(Xinhua)