Environment, Disasters & Accidents
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူနှစ်ဦး သေဆုံး

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၌ အောက်တိုဘာ ၂၁ ရက်တွင် ခရီးသည်တင်ယာဉ်တစ်စီးမှ အရှိန် မထိန်း နိုင်ဘဲ လမ်းဘေးတွင် ရပ်တန့်ထားသည့် ထော်လာဂျီယာဉ်အား ဝင်ရောက် တိုက်မိခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းမိုင်တိုင် (၁၀/၁-၂)ကြားတွင် ခရီးသည်တင်ယာဉ် တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး၌ ရပ်တန့်ထားသည့် ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပြီး စုစုပေါင်း လူ လေးဉီးမှာ ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် လူ နှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ခရီးသည်တင်ယာဉ်မောင်းနှင်သူကို အုန်းချောနယ်မြေရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/ သာမန် နာကျင်စေမှုဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)