Connect with us

Environment, Disasters & Accidents

အပျော်စီးရေယာဉ်မှ ငါးဖမ်း ရေယာဉ်အား ဝင်ရောက်တိုက်မိကာ လူသေဆုံးမှု ဖြစ်ပွား

အပျော်စီး ရေယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေမှ သဲဖြူကျွန်းသို့ မောင်းနှင်သွားသော အပျော်စီးရေယာဉ်မှ ငါးဖမ်းရေယာဉ်အား ဝင်ရောက် တိုက်မိမှု ဖြစ်ပွားခဲ့မှုကြောင့် ဒဏ်ရာ ရရှိသူများ အနက် တစ်ဦးမှာ သေဆုံး သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

ချောင်းသာမြို့အမှတ် (၁)ရပ်ကွက် အုန်းတော အငူစွန်း ပင်လယ်ကမ်းခြေတွင် အောက်တိုဘာ ၂၁ ရက်တွင် ရေယာဉ် နှစ်စီး တိုက်မိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ကမ်းခြေနှင့် နှစ်ဖာလုံခန့် အကွာ ပင်လယ်ပြင်တွင် ရွှေသောင်ယံဘက်မှ မောင်းနှင် လာသော ငါးဖမ်းရေယာဉ်အား ချောင်းသာကမ်းခြေမှ သဲဖြူကျွန်းသို့ မောင်းနှင်သွားသော အပျော်စီးရေယာဉ်မှ ဝင်ရောက်တိုက်မိ ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် တိုက်မိမှုကြောင့် အပျော်စီးရေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်နှင့် ရေယာဉ်မောင်းသူ စုစုပေါင်း ၄ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ပြီး ချောင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ထိုဆေးရုံမှတစ်ဆင့် ပုသိမ် ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်း ပေးအပ်စဉ် ဒဏ်ရာရရှိသူ ခရီးသည် တစ်ဦးမှာ နှလုံးရပ်ကာ သေဆုံး သွားကြောင်း ထုတ်ပြန်သော သတင်း အရ သိရသည်။

ရေယာဉ်အားမဆင်မခြင် မောင်းနှင်သူရေယာဉ်မောင်းအား ဉပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)