Environment, Disasters & Accidents
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၌ မီးလောင်မှုကြောင့် နေအိမ် ၉ လုံး မီးလောင်ဆုံးရှုံး

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နေအိမ် ၉ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်မှု အရ သိရသည်။
အောင်မြေသာစံမြို့နယ် ၊ အမရဌာနီ အရှေ့ရပ်ကွက်၌ နိုဝင်ဘာ ၂၉ ရက်တွင် ၈၀×၈၁ လမ်း၊ ၈×၉ လမ်းကြားနေ ဒေါ်မြမြ၏ နေအိမ် အောက်ထပ်ရှိ ဂဟေဆော်သည့်ဂတ်စ်အိုးမှ ဂတ်စ်ယိုစိမ့်ထွက်၍ Spark(မီးပွား)ဖြစ်ကာ မီးအလုံးအရင်းအဖြစ် ပေါက်ကွဲပြီး မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်များမှ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၅၅ ဦးမှာ အဆိုပါ ရပ်ကွက်ရှိ ရေနား ဘုန်းကြီး ကျောင်းတွင် ဖွင့်လှစ်သည့် ယာယီကယ်ဆယ်ရေးစခန်း၌ နေထိုင်လျက်ရှိပြီး ဒေါ်မြမြအား အမှတ်(၄) အောင်မြေ သာစံ နယ်မြေရဲစခန်း(ပ)၅၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးလောင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)