Connect with us

Environment, Disasters & Accidents

၂၂ ဘီးတွဲယာဉ် ဘရိတ်ပေါက်၍ လက်ဖက်ရည်ဆိုင်နှင့် နေအိမ်တို့အား ဝင်ရောက်တိုက်မိသဖြင့် ၁ ဦး သေဆုံး

ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင် မြို့နယ် ၊ ရေသရောက် ကုန်းကျေးရွာ ၊ မန္တလေး-လားရှိုး ကားလမ်း မိုင်တိုင် (၅၀/၄)အနီး၌ ၂၂ ဘီးတွဲ ယာဉ်တစ်စီးသည် လမ်းဘေးတွင် ရပ်ထားသည့် ယာဉ် ၊ လက်ဖက်ရည်ဆိုင် နှင့် နေအိမ် ၁ လုံး တို့အား ဝင်ရောက် တိုက်မိခဲ့သဖြင့် လက်ဖက်ရည်ဆိုင် အတွင်း ထိုင်နေသူ ၁ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

မန္တလေးမှ လားရှိုးသို့ မောင်းနှင်လာသည့် ၂၂ ဘီးတွဲယာဉ်သည် ဘရိတ်ပေါက်ပြီး ဝင်ရောက် တိုက်မိမှုသည် နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ပွားခဲ့ပြီး လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေသူ ၁ ဦးသည် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ပြီး ၅ ဦးမှာ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ထိုကြောင့် ၂၂ ဘီးတွဲယာဉ် မောင်းနှင်သူအား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းယာဉ်(ပ)၂၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သိရသည်။(Xinhua)