Environment, Disasters & Accidents
မိုင်းလားမြို့၌ လက်နက် ဂိုဒေါင် ပေါက်ကွဲပြီး လူ ၂ ဦးသေ ၊ ၅၀ ကျော် ဒဏ်ရာရ

ရန်ကုန် ၊ မေ ၇ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ ၄ မိုင်းလားမြို့နှင့် ၂ မိုင်ကျော် တရုတ်နယ်စပ်အနီးတွင် ယနေ့မေ ၇ ရက်တွင် လက်နက်ဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားမှုကြောင့် လက်နက်တိုက် အတွင်း ရှိ လူ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး လူ ၅၀ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရသည်။
ယနေ့ နံနက် ၇ နာရီခွဲ ဝန်းကျင် အချိန်ခန့်တွင် လက်နက် ဂိုဒေါင် တစ်ခုပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ပြီး ကိုက် ၅၀ ခန့် အတွင်း ကျည်ဆန်ခွံနှင့် အပျက်အစီးများ ပြန့်ကျဲနေကြောင်း ကနဦးသတင်း ရရှိကြောင်း သိရသည်။(Xinhua)