Connect with us

Environment, Disasters & Accidents

ဖားကန့် မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူများရှိပြီး ပျောက်ဆုံးသူများကို ဆက်လက် ရှာဖွေ

ဖားကန့် ဒေသတွင် ဖြစ်ပေါ်လေ့ရှိသော မြေစာပုံ ပြိုကျမှု တစ်ရပ် အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ဖားကန့် မြို့နယ် စိုင်းတောင် ကျေးရွာနှင့် စပေါ့ ကျေးရွာကြားရှိ မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် လုပ်ကိုင်သူ အချို့ သေဆုံးမှု ရှိပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေကြောင်း ဖားကန့်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ယင်း မြေစာပုံ ပြိုကျမှုတွင် ရှာဖွေရေး လုပ်ငန်းများ ပြုလုပ်နေဆဲ ဖြစ်သဖြင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက် အတိအကျ မသိရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဒေသတွင် မေလ ၅ ရက်နေ့ ညက မြေစာပုံ ပြိုကျခဲ့ပြီး ယင်းနေရာရှိ ရေမဆေးကျောက် ရှာဖွေသူ အများအပြား မြေပိ ပျောက်ဆုံးလျက် ရှိသည်။

“ အလောင်းတွေကတော့ ခုချိန်ထိ ၈ လောင်း ၉ လောင်း ရှာတွေ့နေတယ်၊ ဒီမှာ လူဘယ်နှစ်ယောက် အလုပ် လုပ်နေလဲ ဆိုတာတော့ သေချာ မပြောနိုင်ဘူး၊ ပျောက်နေတဲ့လူတေ ွအများကြီးပဲရှိတယ်၊ ဆက်လက် ရှာနေတယ်”ဟု အဆိုပါ မြေပြိုကျသည့် နေရာတွင် ကယ်ဆယ်ရေး လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ဖားကန့် ဒေသတွင် စွန့်ပစ် မြေစာပုံ ပြိုကျမှုကြောင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117