Connect with us

Environment, Disasters & Accidents

မိုးရွာသွန်းမှုကြောင့် မူဆယ်ခရိုင်အတွင်းရှိ ကျေးရွာ၌ လူနေအိမ်များ မြေကျွံမှုဖြစ်ပေါ်

ပြိုကျသွားသော နေအိမ်များအား မြေဖို့ရန် လုပ်ဆောင်နေကြစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များ မြေကျွံယိုင်နဲ့မှုဖြစ်ပေါ်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းရှိ မြေထိန်းနံရံများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာသို့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် တပ်မတော်မှ သွားရောက်၍ မြေကျွံယိုင်နဲ့မှုဖြစ်ပေါ်ခဲ့သော နေအိမ်များအား ပြန်လည်ပြုပြင်ပေးခြင်း၊ အသုံးအဆောင် ပစ္စည်းများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ မြေထိန်းနံရံပြိုကျသော ဘုန်းကြီးကျောင်းတွင် မြေသားအိတ်များဖြင့် ပြန်လည်ပြုပြင်ကာရံပေးခြင်းတို့အား ကူညီဆောင်ရွက်ပေးခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.