Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ပေခန့်ရောက်ရှိ

ချင်းတွင်းမြစ်ရေ မြင့်တက်မှုခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက်(၁) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် မိုးဇလမှ အကြံပြုချက် ထုတ်ပြန်ခဲ့သည်။

မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၌ ဇွန် ၂ဝ ရက် ညနေ ၆ နာရီခွဲမှစ၍ ဆက်လက်မြင့်တက်လျက်ရှိရာ ဇူလိုင် ၃ ရက် မွန်းတည့် ၁၂ နာရီခွဲတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ၁၂၉၆ စင်တီမီတာ အထိရောက်ရှိခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၏ စိုးရိမ်ရေအမှတ် ၁၃၆ဝ စင်တီမီတာသို့ရောက်ရန် အနည်းငယ်သာလိုသော်လည်း ယခုနှစ်တွင် ချင်းတွင်းမြစ်ရိုး တာပေါင်တည်ဆောက် ထားမှုကြောင့် ချင်းတွင်းမြစ်ရေဝင်ရောက်ခြင်းမရှိဘဲ တောင်ကျရေနှင့် အင်းရေပေါင်းစပ်ကာ ခန္တီးမြို့တွင်း မြေနိမ့်ပိုင်းရပ်ကွက်များသို့ ဝင်ရောက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.