Environment, Disasters & Accidents
မုံရွာမြို့တွင် အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ ငလျင်လှုပ်ရှား
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၄ ဒီဂရီ၊ အနက်(၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၂)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ကြောင်းသိရသည်။ (Xinhua)