Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်အတွင်း မြေပြိုရာမှ လူ(၅)ဦး သေဆုံး

ဖားကန့်မြို့နယ်တွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုနေစဉ်(moi)

ရန်ကုန် ၊ ဇွန် ၂၂ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ယနေ့မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ဥရုချောင်းရေလျှံမှု များဖြစ်ပွားပြီး မြေပြိုမှု ဖြစ်စဉ်တွင် လူ (၅) ဦးသေဆုံးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်ဝမ်းရပ်ကွက်၊ သစ်တောရုံးအနီး တောင်ကမ်းပါးယံမှ အောက်ဘက်ရှိလူနေအိမ်များသို့ ပြိုကျသည့်ဖြစ်စဉ်တွင် လူ(၂)ဦး၊ မကာပင်ကျေးရွာ မြေပြိုမှုတွင်လူ(၂)ဦး၊ ဖားပြင်ကျေးရွာ မြေပြိုမှုတွင် လူ(၁)ဦး၊ စုစုပေါင်း (၅)ဦး သေဆုံးကြောင်း လူမှုကူညီရေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများထံမှ ကနဦးသတင်းများအရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်ဝမ်းရပ်ကွက်အတွင်းရှိ ပန်းတင်တံတားအနီးတွင် လည်းကောင်း၊ အမှတ်(၁)လမ်းမကြီးဘေး တောင်ကမ်းပါးယံမှ အောက်ဘက်ရှိလူနေအိမ်များသို့ လည်းကောင်း၊ မြို့ပတ်လမ်းရှိ ဝန်ထမ်းအိမ်ရာဘက်ခြမ်းတွင်လည်းကောင်း၊ မြို့ဦးစေတီအတက် လမ်းတွင်လည်းကောင်း၊ စည်ပင်ဝန်ထမ်းအိမ်ရာ အနောက်ဘက်ခြမ်းတွင်လည်းကောင်း၊ ဆိပ်မူအုပ်စု အတွင်းရှိ မှော်ဂလုံကျေးရွာ၊ စွတ်အောင်ကျေးရွာနှင့် ဖားပြင်ကျေးရွာများတွင် လည်းကောင်း မြေပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)