Connect with us

Environment, Disasters & Accidents

မုံရွာမြို့၏ အနောက်မြောက်ဘက် မိုင်(၆၀) ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချတာစကေး ၄.၇ရှိ ငလျင်လှုပ်ခတ်

ယနေ့ အင်အားရစ်ချတာစကေး ၄.၇ ရှိ ငလျင်လှုပ်ခတ်ရာပြ မြေပုံ (ဓာတ်ပုံ- Myanmar Earthquake Committee)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

မန္တလေးမြေငလျင်စခန်း၏ အနောက်မြောက်ဘက် မိုင် ၁၁၂ ခန့် ကွာဝေးသော မုံရွာမြို့၏ နောက်မြောက်ဘက် မိုင်(၆၀) ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတာစကေး ၄.၇ ရှိ ငလျင်တစ်ခု ယနေ့ ည ၇ နာရီ ၃၃ မိနစ် အချိန်ခန့်က လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် သည်။

အဆိုပါ ငလျင်သည် မုံရွာမြို့ အနောက်မြောက် ၈၀ကီလိုမီတာခန့်အကွာ ချင်းတွင်း မြစ်ရိုး၊ ကင်းရွာအနီးတဝိုက် မြေပြင် ဗဟိုချက်ပြု၍ ပမာဏ ၄.၇ ရှိသော ငလျင်လှုပ်ခဲ့ပြီး ငလျင်စောက်က ကီလိုမီတာ ၁၀၀ ခန့်နက်၍ ထိခိုက် လောက်အောင် မပြင်းကြောင်း မိုးဇလက ထုတ်ပြန်သည်။ယင်း ငလျင်ကြောင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှ ငလျင်အရှိန်ခံစားခဲ့ရပြီး အဆိုပါ ငလျင်ကြောင့် ပျက်အစီးအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.