Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မြောက်ဖျားရှိ တောင်ပေါ် ဆက်စပ် သစ်တောဒေသကို ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်ရန် ၂ဝ၁၈ ခုနှစ်တွင် တင်သွင်းမည်

မြန်မာနိုင်ငံ မြောက်ဖျားရှိ တောင်ပေါ် ဆက်စပ် ဒေသတစ်ခုကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြောက်ဖျားရှိ တောင်ပေါ် ဆက်စပ်သစ်တော ဒေသကို နော်ဝေ အမွေအနှစ် ဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်း ဝင်နိုင်ရန် ၂ဝ၁၈ ခုနှစ်တွင် တင်သွင်းမည် ဖြစ်ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဒေသများကို ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင် အဖြစ် အမည်စာရင်း အဆိုပြုလွှာကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား ရေးသား၍ အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူကာ ၂ဝ၁၈ ခုနှစ်တွင် ယူနက်စကိုသို့ တင်သွင်းသွားမည် ဖြစ်သည်။

ခါကာဘိုရာဇီ တောင်ဘက်ပိုင်း ဧရိယာအား သဘာဝ နယ်မြေအဖြစ် တိုးချဲ့ခြင်းနှင့် ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင် နေရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကမ္ဘာ့အဆင့် ထူးခြားသော တန်ဖိုးများကို ဖော်ထုတ်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ဖျား တောင်ပေါ်ဒေသနှင့် ဆက်စပ်သစ်တောများ အပါအဝင် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ နတ်မတောင် အမျိုးသား ဥယျာဉ်၊ မြိတ်ကျွန်းစု ဒေသ၊ ဧရာဝတီမြစ်ဝှမ်း စြင်္ကံနှင့် တနင်္သာရီ ဆက်စပ် သစ်တောဒေသများပါ ကမ္ဘာ့ သဘာဝ အမွေ အနှစ်စာရင်းဝင် အဖြစ် တင်သွင်းမည်ဖြစ်ပြီး လာမည့်နှစ်တွင် မြန်မာနိုင်ငံ မြောက်ဖျားရှိ တောင်ပေါ် ဆက်စပ် သစ်တောဒေသကို ဦးစားပေး တင်သွင်းမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.