Connect with us

Environment, Disasters & Accidents

အင်အား ရစ်ချ်တာ စကေး ၄.၃ အဆင့်ရှိ မြေငလျင် ပွင့်ဖြူမြို ့အနီး လှုပ်ခတ်

ငလျင်လှုပ်ခတ်ခဲ့သည့် တည်နေရာပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်း ပွင့်ဖြူ မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင် ၅၀ ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၄.၃) အဆင့်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။

မန္တလေးမြေငလျင် စခန်းမှ အနောက်တောင်ဘက် မိုင် ၁၇၅ ခန့် ကွာဝေးသော ပွင့်ဖြူမြို့အနီး၌ အင်အား အနည်းငယ်ရှိသော မြေငလျင်သည် နေ့လည် ၂ နာရီ ၃၅ မိနစ် အချိန်တွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နယ် အနီး ဗဟိုပြု၍ အင်အား အနည်းငယ် ရှိသောသော မြေငလျင် တစ်ခု လှုပ်ရှားသွားခဲ့ခြင်းလည်း ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.