Environment, Disasters & Accidents
မော်လိုက်မြို့အနီး အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ မြေငလျင် လှုပ်ရှား

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)
မော်လိုက်မြို့၏ အရှေ့တောင်ဘက် ၉ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အား အနည်း ငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ဇူလိုင် ၁၃ ရက် နံနက်ပိုင်း အချိန်တွင် လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၄၈ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ မြန်မာစံတော်ချိန် ၁၁ နာရီ ၊ ၃၃ မိနစ် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)