Environment, Disasters & Accidents
မော်လိုက်မြို့အနောက်မြောက်ဘက် ၃၀ ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်ယနေ့လှုပ်ခတ်

ရန်ကုန်၊ဧပြီ၁၄ရက်(ဆင်ဟွာ)
ဧပြီလ ၁၃ရက်နေ့တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၄ ရက်နေ့ (၁၂း၁၁း၅၁) နာရီတွင် အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ သတင်းရရှိသည်။
၎င်းငလျင်သည် မန္တလေးမြေငလျင်စခန်းအနောက်မြောက်ဘက် ၁၉၀ မိုင်ခန့်ကွာဝေးသော မော်လိုက်မြို့ အနောက်မြောက်ဘက် ၃၀ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။ (Xinhua)