Connect with us

Environment, Disasters & Accidents

ဧပြီ လ ၁၃ ရက်နေ့တွင် လှုပ်ခဲ့သည့် ငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့် အဆောက်အဦများ ပြင်းပြင်းထန်ထန် ပြိုကျပျက်စီးခြင်းမရှိခဲ့

ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ်( ဓာတ်ပုံ-- Relief and Resettlement Department-Myanmar)

ရန်ကုန်၊ ဧပြီ ၁၄ရက် (ဆင်ဟွာ)

၂၀၁၆ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် ည(၈)နာရီ၊ (၂၅)မိနစ်၊ (၁၈)စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့် အဆောက်အဦများ ပြင်းပြင်းထန်ထန် ပြိုကျပျက်စီးခြင်းမရှိခဲ့ကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

၎င်းငလျင်ကြောင့် ဘုရားစေတီ အချို့ ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းရစ်များ အက်ကွဲခြင်း၊ အဆောက်အဦအချို့ အနည်းငယ်ပျက်စီးခြင်းတို့ ဖြစ်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးများနှင့် ဆက်သွယ်သတင်းရယူမှုအရ ကနီမြို့နယ် မိခင် နှင့် ကလေးအဆောက်အဦးမျက်နှာကျက်ပြုတ်ကျပျက်စီးခြင်း၊ ပက်ကြားဝရွာနှင့် တောင်ပျောက်ရွာကြား ဆက်သွယ်သော(၁၁)ကေဗွီဓါတ်ကြိုး မီးလောင်ပျက်စီးခြင်း၊ ဝယားကျေးရွာ သိမ်၊ ဘုရားထီးတော်ယိုင်ခြင်း၊ ရွှေနန်းဦးနှင့်ဖောင်တော်ဦးဘုရား စိန်ဖူးတော်မြေခခြင်း၊ ချောင်းမ ကျေးရွာအရှေ့၊ ဆုတောင်းပြည့်ဘုရား သပိတ်မှောက် အက်ကြောင်းဖြစ်ခဲ့ခြင်း၊ ထီးတော်ယိုင်ခြင်း၊ အုတ်တွင်းကျေးရွာတွင် အုတ်တိုက်ကျောင်းဘုရားမြေခခြင်း၊ စဉ့်အိုးကျေးရွာအုပ်စု၊ လက်ပန်စု ကျေးရွာရှိ ရွှေဘိုဘုရား သပိတ်မှောက်အက်ကွဲခြင်း၊ ခိုတွင်းကျေးရွာ ဘုန်းကြီးကျောင်း၏ဘုရားဆောင် အက်ကွဲခြင်း၊ ကနီပျဉ်ထောင်အုပ်စု၊ ညောင်တူများကျေးရွာ၊ ကိုးနဝင်းကပ်ကျော်စေတီ သပိတ်မှောက် အက်ကွဲခြင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပျဉ်အုပ်စု၊ ဝါးတန်းကျေးရွာ သတ္တဗောဓိကျောင်းတိုက် အတွင်းရှိ အောင်သိဒ္ဓိစေတီ စိန်ဖူးတော်မြေခခြင်း၊ ရွာရှင်ကျေးရွာအုပ်စု၊ ဝက်မှေးကန် တောရွာ (၂)ထပ်ဘုန်းကြီးကျောင်း အက်ကြောင်း(၄)ခုဖြစ်ခြင်း၊ ယင်းမာပင်မြို့နယ်၊ မြရိပ်ကျေးရွာ၊ တောင်ပေါ် ကျောင်းရှိ ရှစ်မျက်နှာဘုရားထီးတော်မြေခခြင်း၊ ဦးဘိုးသံစေတီတော် ထီးတော် စောင်း/ကွဲအက်ခြင်း၊ မယ်ပေါင်းစေတီ ထီးတော်စောင်း/ကွဲအက်ခြင်း၊ ဦးတေဇစေတီ ထီးတော် စောင်း/ကွဲအက်၊ ဦးဘိုးလှိုင်စေတီ ထီးတော်စောင်း/ကွဲအက်ခြင်း၊ မုံရွာမြို့၊ အလုံမြို့နယ်၊ ရွှေပြည်အေးရပ်ကွက်၊ အထက(၂)ကျောင်း အုတ်တံတိုင်း(၁၈)ခန်းပြိုကျခြင်း၊ ချောင်းဦးမြို့နယ်၊ တောကြီးကျောင်းကျေးရွာ၊ ရွှေဂူကြီးဘုရားအရန်စေတီ စိန်ဖူးတော်မြေခခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ်( ဓာတ်ပုံ– Relief and Resettlement Department-Myanmar)
ငလျင်ကြောင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီလွီချောင်းဖျားရှိ မြေပြိုဆည် ထိခိုက်မှုမရှိကြောင်း၊ ရာဇဂြိုလ်ဆည်ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။ ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၏ Facebook Account ဖြစ်သော Relief and Resettlement Department-Myanmar တွင်ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း၊ယခုငလျင်ဘေးအန္တရာယ်သည် ငလျင်ဗဟိုချက်၏ အောက်အနက်သည် ကီလို(၁၃၀)ခန့်တွင်ဖြစ်ပွားခဲ့သည့်အတွက် အင်အားပြင်းထန်သော်လည်း ထိခိုက်ပျက်စီးမှု နည်းပါးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.