Environment, Disasters & Accidents
မြင်းခြံမြို့နယ်တွင် နှစ်ပေါင်း(၃၃)နှစ် အတွင်း မိုးရေချိန်ရရှိမှု စံချိန်သစ်တင်
ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မြင်းခြံမြို့နယ်တွင် နှစ်ပေါင်း(၃၃)နှစ် အတွင်း မိုးရေချိန်ရရှိမှု စံချိန်သစ်တင်ရွာသွန်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတင်းထုတ်ပြန်သည်။
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၀ရက်နေ့အထိ မိုးရေချိန်စုစုပေါင်း(၄၁.၅၇)လက်မ အထိ တိုင်းတာရရှိခဲ့ကြောင်းနှင့် နှစ်စဉ်မိုးရေချိန်ရရှိမှု မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်သည် မြင်းခြံမြို့ ၏ နှစ်ပေါင်း(၃၃) နှစ်အတွင်း မိုးရရှိမှု စံချိန်အသစ် တင်နိုင်သည့် နှစ်ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)