Connect with us

Environment, Disasters & Accidents

ဆင်သေချောင်းနှင့် ငလိုက်ချောင်းပေါင်းဆုံစီးဆင်းသည့် ညောင်ပင်ကြီးကျေးရွာ နေအိမ်များ အတွင်း ရေဝင်ရောက်၊ စပါးခင်းနှင့်ယာမြေများရေနစ်မြုပ်

ညောင်ပင်ကြီးကျေးရွာ နေအိမ်များ အတွင်း ရေဝင်ရောက်မှုအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဆင်သေချောင်းနှင့် ငလိုက်ချောင်းပေါင်းဆုံစီးဆင်းသည့် ညောင်ပင်ကြီးကျေးရွာ နေအိမ်များ အတွင်း ရေဝင်ရောက်သဖြင့် စပါးခင်းနှင့်ယာမြေများရေနစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ၊ စည်ပင်ကြီးကျေးရွာအုပ်စု ၊ ညောင်ပင်ကြီး ကျေးရွာတွင် နိုဝင်ဘာလ ၁ဝ ရက် ည ၁၁ နာရီက ဆင်သေချောင်းနှင့် ငလိုက်ချောင်းမှ ရုတ်တရက်ရေတက်လာပြီး အနိမ့်ပိုင်းရှိ နေအိမ်များ ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ချောင်းရေနစ်မြုပ်မှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ စည်ပင်ကြီး ၊ ချောင်းကမ်းကြီး ၊ ရွာသစ်ကြီး ၊ ညောင်ပင်ကြီးကျေးရွာများမှ စပါးခင်းနှင့် ယာမြေသီးနှံ ဧက ၄ဝဝ ခန့် ၊ ညောင်ပင်ကြီး ကျေးရွာမှ နေအိမ် ၉၂ လုံးရေဝင်နစ်မြုပ်ပြီး လူဦးရေ ၅ဝ၅ ဦးအား ဆွေမျိုးသားချင်းများအိမ်သို့ ပြောင်းရွှေ့ပေးထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.