Environment, Disasters & Accidents
မြစ်ရေများမြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များအားမိုးဇလထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်တို့ သည် မြစ်ရေများ မြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှကြေညာချက်ထုတ်ပြန်လိုက်သည်။
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များမှာ ရွှေကူ၊ ကသာ၊ ပခုက္ကူ၊ ညောင်ဦး၊ ဟသာၤတ နှင့်ဇလွန်မြို့တို့ဖြစ်ကြသည်။
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များမှာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ နှင့် မုံရွာမြို့တို့ဖြစ်ကြသည်။
ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ငါးသိုင်းချောင်းမြို့သည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)