Environment, Disasters & Accidents
မြစ်သား မြို ့နယ်၌ အိမ်ခြေ ၁၈၀ ကျော် လေဘေးသင့် ၊ သစ်ပင်ပိ၍ ၁ ဦး သေဆုံး
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ဧပြီ ၂၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ လေပြင်း တိုက်ခြင်း ၊ မိုးသီး ကြွေခြင်း တို့ကြောင့် ရပ်ကွက်/ကျေးရွာ ၁၇ ခု၊ အိမ်ခြေ ၁၈၈ အိမ် လေဘေး သင့်မှု ဖြစ်ပွားခဲ့ကြောင်း နှင့် သစ်ပင်ပိ၍ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
ဧပြီ၂၉ရက် နံနက် ၁၁ နာရီမှ နေ့လည် ၂နာရီ အထိ မိုးသည်း ထန်စွာရွာ သွန်းခြင်း၊ လေပြင်း တိုက်ခြင်း၊ မိုးသီး ကြွေခြင်း တို့ကြောင့် အိမ်အမိုးများလန်ခြင်း၊ သစ်ပင်များ လဲခြင်း၊ မြို့တွင်းဓါတ်တိုင်များနှင့် မဟာဓါတ်အားလိုင်း မှ တာဝါတိုင် (၄)တိုင်လဲခြင်း၊ ကြော်ငြာဆိုင်းဘုတ်ကြီးများလဲခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)