Connect with us

Environment, Disasters & Accidents

မိုးကြိုကာလဖြစ်သည့်မေလအတွင်းလေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင်

မိုးဇလ၏ မိုးလေဝသ ခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

မိုးကြိုကာလဖြစ်သည့် မေလအတွင်း မြန်မာနိုင်ငံအရပ်ရပ်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

မိုးကြိုကာလတွင် နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် အများဆုံးဖြစ်ပေါ်တတ်သည့် မိုးတိမ်တောင်များကြောင့် လည်းကောင်း၊ အထက်လေထု၌ အနောက်ဘက်မှရွေ့လျားလာသော လေအေးများနှင့် လေနွေးများတွေ့ဆုံရာမှ လေထုအခြေ မခိုင်ခြင်းတို့ကြောင့်လည်းကောင်း အထက်ပါဖြစ်စဉ်များ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြု နေထိုင်သွားကြပါရန် မိုးဇလမှ သတိပေးချက်ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.