Environment, Disasters & Accidents
မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၁၉ခုနှစ် ၈လတာအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၃၆၀၀ကျော် သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှုကြောင့် လူ ၃၆၀၂ ဦးသေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတွင်း ယာဉ်တိုက်မှု ၁၁,၀၀၇မှုဖြစ်ပွားခဲ့ပြီး ၁၇,၀၄၀ဦး ဒဏ်ရာရရှိခဲ့ကာ ၃၆၀၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတွင်း ယာဉ်တိုက်မှု ၁၁,၇၇၁ မှုဖြစ်ပွားခဲ့ပြီး ၁၈,၁၃၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၃၅၃၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း ယာဉ်တိုက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၇၄ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၃၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၄၁၄ ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)