Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၅၀ ကျော် ပျက်စီး

လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးနေမှုအားတွေ့ရစဉ်(မီးသတ်)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းက လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၅၀ ကျော် ပျက်စီးခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လေပြင်းတိုက်ခိ်ုက်မှုကြောင့် လက်ပံတန်းမြို့နယ်ရှိ ဗောဓိပင်ကျေးရွာပါ ၃ ရွာရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၅၁ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် ၉ လုံး ပြိုလဲပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။(Xinhua)