Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ၌ ၂၀၂၀ ပြည့်နှစ် မေလအတွင်း ငလျင် ၂၈ ကြိမ်လှုပ်ခတ်ခဲ့

၂၀၁၁ခုနှစ် မတ်၂၄ ရက် ည ၈:၂၅နာရီ တွင် မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာ အကွာ၌ အင်အား ၇.၀ အဆင့်ရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် အပျက်အစီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံ ၌ ၂၀၂၀ပြည့်နှစ် မေလ တစ်လလုံးတွင် ငလျင် ၂၈ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန ငလျင်ဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။

၎င်းက “မေလထဲမှာ လှုပ်ခဲ့သမျှ ငလျင်တိုင်း က အင်အားအနည်းငယ် တွေ ဖြစ်တယ်။ အင်အား ၃ ဒသမ ၀ အဆင့်မှ  အများဆုံး ၄ ဒသမ ၈ အဆင့် အတွင်း လှုပ်ရှားခဲ့တယ်။စစ်ကိုင်းပြတ်ရွေ့လို သက်ရှင်ပြတ်ရွေ့ကြောင့် လှုပ်တဲ့ ငလျင် ဆို အနက်တိမ်တယ်။ မြေထု ချပ်ပွတ်တိုက်ရွေ့လျားမှုကြောင့် ဖြစ်တဲ့ ငလျင် ဆိုရင် ဥပမာ  မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ မြောက်ပိုင်းတို့မှာ လှုပ်တဲ့ ငလျင်ဆိုရင် ဗဟိုချက်အနက် က နက်တာမျိုးရှိတယ်။’’ ဟု ယနေ့ ဇွန် ၂ ရက်တွင်ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၌  ငလျင် ၁၇ ကြိမ်လှုပ်ရှားခဲ့သောကြောင့် မေလ တွင် ငလျင်ပိုမိုလှုပ်ရှားခဲ့ကြောင်း သိရသည်။ မေလတွင် စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ် တွင် ငလျင်လှုပ်ရှားမှုအများဆုံးဖြစ်ခဲ့ကြောင်း ဆိုသည်။ဒေါက်တာယဉ်မျိုးမင်းထွေးက “ဧပြီလမှာ လှုပ်ခဲ့တဲ့ ငလျင်က မေလ ထက် အကြိမ်ရေနည်းပေမယ့် ချင်းပြည်နယ် ဟားခါးမြေငလျင်စခန်း ရဲ့ အရှေ့ ၊ အရှေ့မြောက်ဘက် ၂၇ မိုင်ခန့် အကွာ မှာ လှုပ်ခဲ့တဲ့ ငလျင်ကတော့ အင်အား ၆.၁ အဆင့်ထိ ရှိခဲ့တဲ့ ငလျင်တစ်ခုဖြစ်ခဲ့တယ်’’ ဟုပြောသည်။

ယခု ရက်ပိုင်းများတွင် ငလျင်ငယ်များ မကြာခဏလှုပ်ရှားမှုရှိကြောင်း၊ ဇွန် ၂ ရက်တွင် ယခု အချိန် အထိ ငလျင် ၂ကြိမ်လှုပ်ရှားခဲ့ကြောင်း သိရသည်။“ငလျင် က တခြားသဘာဝဘေးတွေ လိုတိတိကျကျ ကြိုတင်ခန့်မှန်းတွက်ချက်လို့မရဘူး။ ငလျင် က ဘယ်အချိန် ဘယ်ကာလ မှာ အင်အားဘယ်လောက်နဲ့ လှုပ်မလဲ ဆိုတာကို ခန့်မှန်းတွက်ချက် လို့မရပါဘူး၊ ဒါကြောင့် ငလျင်လှုပ်ရှားမှု ကို မကြာခဏ တွေ့ကြုံခံစားရတဲ့ ဒေသတွေနဲ့ သက်ရှင်ပြတ်ရွေ့ကြောတစ်လျေှာက်မှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ အသိပညာ နှီးနှော ဖလှယ်မှု တွေ လုပ်သင့်တယ်။ ငလျင်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်မှုမျိုးတွေ၊ ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ထားခြင်းအားဖြင့် ရင်ဆိုင်ကြုံတွေ့ရရင် ပျက်ဆီး ဆုံးရှုံးမှု ကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယနေ့ ဇွန် ၂ ရက် တွင် ရှမ်းပြည်နယ်၊လောက်ကိုင်မြို့၏ အနောက်မြောက်ဘက် (၂၂)မိုင်ခန့်အကွာ၊  မြောက်လတ္တီတွဒ် (၂၃.၈၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၄၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.