Connect with us

Environment, Disasters & Accidents

မြေပြိုမှု အပျက်အစီးများကြားမှ အသက်ရှင်သူ သုံးဦးကို ကယ်တင်နိုင်ပြီ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် မောက်ရှန်နယ်မြေ ချင်းမိုကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု အခြေအနေအား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ဘက်တွင် ယနေ့ (ဇွန်လ ၂၄ ရက်) နံနက်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွားပြီး ငါးနာရီအကြာတွင် မိသားစု တစ်စုမှ အသက်ရှင်သူ သုံးဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူ သုံးဦးကို မောက်ရှန်နယ်မြေ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ဖွယ် ဒဏ်ရာမရှိကြောင်းနှင့် ယင်း မိသားစုအတွင်းမှ ကလေးငယ် တစ်ဦးမှာမူ အပျက်အစီးများအကြား နစ်မြုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ထို မြေပြိုမှုမှာ ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး နေအိမ် ၄၆၄ လုံး မြေအောက် ရောက်သွားခဲ့သလို လူပေါင်း ၁၄၁ ဦး ပျောက်ဆုံးနေသည်ဟု ယူဆရကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရထံမှ သိရသည်။

အဆိုပါ မြေပြိုမှုမှာ ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီခန့်က တိဘက်ဒေသရှိ တောင် တစ်လုံး၏ ထိပ်ဆုံးပိုင်း ပြိုကျခဲ့ခြင်း ဖြစ်ပြီး ချန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စုရှိ ချင်းမိုကျေးရွာ မြေမြုပ်သွားခဲ့သလို ယင်း ဒေသရှိ မြစ် တစ်စင်းမှာလည်း ၂ ကီလိုမီတာခန့် ပိတ်ဆို့သွားခဲ့ကာ လမ်းမှာလည်း ၁၆၀၀ မီတာခန့် မြေများ ဖုံးလွှမ်းသွားခဲ့သည်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် မောက်ရှန်နယ်မြေ ချင်းမိုကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ပြည်နယ်ဆိုင်ရာ အစိုးရက ထို နေရာသို့ သဘာဝဘေးခံရသည့် အမြင့်ဆုံးအဆင့် သတ်မှတ်လိုက်ပြီး ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးသမား သုံးရာကျော်နှင့် သက်ကယ် ကိရိယာများဖြင့် အသက်ရှင်မည့်သူများအား ရှာဖွေနေကြောင်း စီချွမ်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ တန်လီမင်းက ပြောသည်။

ပြည်နယ်ဆိုင်ရာ ပြည်သူ့ လုံခြုံရေးဗျူရိုမှလည်း ကယ်ဆယ်ရေးသမား ၅၀၀ ဦးနှင့် အနံ့ခံခွေး ၂၃ ကောင်၊ ရှာဖွေရေး ကိရိယာ ၁၆ ခုတို့ ပေးပို့ခဲ့ကြောင်း၊ ယာဉ်ထိန်းရဲ ၁၃၀ ဦးကလည်း မြေပြိုမှု ဖြစ်ပွားရာ ချန်ဒူပြည်နယ် မြို့တော်နှင့် ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းမနှင့် လမ်းများ တစ်လျှောက် ကီလိုမီတာ ၄၀၀ ကျော် အကွာအဝေးအထိ ကယ်ဆယ်ရေးနှင့် သဘာဝဘေး ကယ်ဆယ်ရေးအတွက် တာဝန်ယူထားကြောင်း သိရသည်။

ချင်းမိုကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေးစနစ်မှာ ပြတ်တောက်နေဆဲ ဖြစ်ကြောင်း၊ သဘောဝဘေး လျော့ပါးရေး ရန်ပုံငွေ ယွမ် ၅ သန်း (အမေရိကန်ဒေါ်လာ ၇၃၀,၀၀၀) သုံးစွဲခွင့်ပြုကြောင်းနှင့် သဘာဝဘေး ဖြစ်ပွားရာနေရာသို့ အရေးပေါ် ကယ်ဆယ် ထောက်ပံ့မှုများ ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.