Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် မင်းပြားမြို့ အဝရွာကျေးရွာ အုပ်စုတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရှေးဟောင်း စေတီတော် တစ်ဆူ ထီးတော် အပါအဝင် အပေါ်ပိုင်း ပြိုကျကာ မြေခ

မျက်ရိုးတော်ဓာတ်စေတီတော်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မင်းပြားမြို့ အဝရွာကျေးရွာ အုပ်စုတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရှေးဟောင်း စေတီတော် တစ်ဆူဖြစ်သော မျက်ရိုးတော်ဓာတ် စေတီတော် ထီးတော် အပါအဝင် အပေါ်ပိုင်း တစ်ခုလုံး သည် မိုးဆက်တိုက် ရွာသွန်းခဲ့သည့် အတွက် ပြိုကျကာ မြေခသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မျက်ရိုးတော်ဓာတ် စေတီတော်မှာ မှာ သြဂုတ် ၁ဝ ရက် ညနေ ၄ နာရီခန့်က တဖြည်းဖြည်းပြိုကျကာ မြေခသွားခဲ့ခြင်းဖြစ်သည်။ မင်းပြားမြို့နှင့် ခုနစ်မိုင်ခန့် အကွာ၊ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းဘေး မေက္ခဝံဏတောင် (ကျောင်းတောင်) ပေါ်တွင် တည်ရှိပြီး စေတီတော်သည် မူလက ဉာဏ်တော်အမြင့် ပေ ၅ဝ နှင့် လုံးပတ် ၉၆ ပေရှိကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
ပြိုကျသွားသည့် မျက်ရိုးတော်ဓာတ် စေတီတော်မှာ သာသနာ သက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းကြီးက တည်ထား ခဲ့ခြင်းဖြစ်ပြီး ရခိုင်ဘုရင်များ အဆက်ဆက် မွမ်းမံ၍ ကိုးကွယ်လာခဲ့သော ရှေးဟောင်း စေတီတော်တစ်ဆူ ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု အားကောင်းနေပြီး မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရတနာပုံ စေတီတော်နှင့် ရတနာမာန်အောင် စေတီတော် တို့မှာ ရာသီဥတု ဒဏ်ကြောင့် အက်ကွဲ ယိုယွင်းမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.