Connect with us

Environment, Disasters & Accidents

တာမွေမြို့နယ်ရှိ ဆေးရုံကြီး ဝင်းအတွင်း ဆောက်လက်စ တိုးချဲ့ဆောင် ကြမ်းခင်းပြိုကျ၍ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

ဆေးရုံကြီး ဝန်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ဆောင် ကြမ်းခင်း ပြိုကျရာတွင် ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ နား၊ နှာခါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး ဝင်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ဆောင်တွင် ယနေ့သြဂုတ်လ ၁၃ ရက်တွင် ကြမ်းခင်းပြိုကျ၍ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာရှိ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုဆေးရုံကြီး ဝင်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ဆောင် ၅ လွှာအား နံနက် ၉ နာရီဝန်းကျင်တွင် ဘိလပ်မြေ ဆလပ်လောင်းနေစဉ် ကြမ်းခင်း ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၊ ပြိုကျရာတွင် လူပိတ်မိခဲ့မှုများ ရှိသဖြင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှာဖွေ ကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သည်။ (Xinhua)

ဆေးရုံကြီး ဝန်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ဆောင် ကြမ်းခင်း ပြိုကျရာတွင် ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဆေးရုံကြီး ဝန်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ဆောင် ကြမ်းခင်း ပြိုကျရာတွင် ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အခင်းဖြစ်ပွားရာ နေရာအနီး ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေသူများအား တွေ့ရစဉ်(ဆင်ဟွာ)