Environment, Disasters & Accidents
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၁၀၆ ဦးသေဆုံးကာ ၁,၀၀၀ကျော် ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ၁၀၆ ဦးသေဆုံးကာ ၁,၀၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခုအား တွေ့ရစဉ်(အမြန်လမ်းရဲတပ်ဖွဲ့)
၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၀) ရက် အထိကာလအတွင်း ယာဉ်တိုက်ခိုက်မှုပေါင်း (၅၂၁)မှု၌ ဆိုင်ကယ်တိုက်မှု(၈၂)စီး၊ saloon/wagonယာဉ်တိုက်မှု (၃၁၁)စီး၊express/ ကုန်တင်ယာဉ်တိုက်မှု (၁၃၄)စီးနှင့် လမ်းဖြတ်ကူးမှု (၁၅)မူတို့ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုများကြောင့် အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၃၉ ဦး စုစုပေါင်း ၁၀၆ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅၅၀ ဦး၊ အမျိုးသမီး ၄၆၄ ဦး စုစုပေါင်း ၁,၀၁၄ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်မှ (၃၀) ရက် အထိကာလအတွင်း အမြန်လမ်းမ ကြီးတစ်လျှောက် တွင်ယာဉ် မတော်တဆမှု ၃၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦးဒဏ်ရာရရှိသူ ၅၄ ဦးရှိခဲ့ကြောင်း သိရသည်။(Xinhua)