Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ကာ တစ်ဦးသေ၊ ၁၈ ဦး ဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေး-လှိုင်သာယာကားလမ်းမ တမံကြီးကျေးရွာအနီးတွင် ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက် ည ၇ နာရီခန့်က တွံတေး-လှိုင်သာယာ ကားလမ်းမပေါ် တမံကြီးကျေးရွာ အနီးတွင် တွံတေးမှ လှိုင်သာယာ ဘက်သို့ ယာဉ်မောင်း အောင်ကိုဦး (၂၀နှစ်) မောင်းနှင်လာသည့် YGN 2I/—- ယာဉ်သည် ရှေ့ယာဉ်အား အရှိန်ဖြင့် ကျော်တက်စဉ် မျက်နှာချင်းဆိုင်ဘက်မှ ဖျာပုံမြို့နယ်နေသူ ယာဉ်မောင်း မျိုးမင်းအောင် (၂၇ နှစ်) မောင်းနှင်လာသည့် YGN CC/—- အငှားယာဉ်ကို ပွတ်တိုက်မိပြီး ယင်းအငှားယာဉ်၏ နောက်မှ ကွမ်းခြံကုန်းမြို့နယ်နေ ယာဉ်မောင်း ဦးဝင်းကိုကို (၃၅ နှစ်) မောင်းနှင်သည့် YGN 3J/—- ယာဉ်အား မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရဟန်း တစ်ပါး၊ အမျိုးသား ကိုးဦး၊ အမျိုးသမီးကိုးဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့ကြပြီး ၎င်းတို့အား လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ ဒဏ်ရာရသူများအနက် ဒေါ်ခင်အေး (၇၈ နှစ်) မှာ သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အောင်ကိုဦးအား တွံတေးမြို့နယ် ခလောက်ချိုက် နယ်မြေရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.