Environment, Disasters & Accidents
ရေစကြိုမြို့နယ်တွင် အချိန်အခါမဟုတ် မြစ်ရေကြီးမှုကြောင့် သီးနှံစိုက်ခင်း တချို့ နစ်မြုပ်ပျက်စီး
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် အချိန်အခါ မဟုတ် မြစ်ရေကြီး မှုကြောင့် ကျေးရွာတချို့တွင် စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများ နစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုအခါ ချင်းတွင်းမြစ်ရေနှင့် အတူ ဧရာဝတီမြစ်ရေပါ တိုးနေသဖြင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ဆုံရာ အနီးတွင် တည်ရှိသော နတ်ဝန်း ကျေးရွာမှ စိုက်ခင်းများ ရေကြီး နစ်မြုပ်၍ ပျက်စီးသွားခြင်း ဖြစ်ပြီး အထူးသဖြင့် နှမ်းခင်း၊ ပဲတီစိမ်းခင်း၊ ဃဏ ပြောင်းခင်း ပါဝင်ကြောင်း၊ သီးနှံအပျက်အစီးများနှင့် ပတ်သက်၍ တိတိကျကျ သိရှိနိုင်ရန်နှင့် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးနိုင်ရန် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက မေလ ၂ ရက် မွန်းလွဲပိုင်းက ယင်း ကျေးရွာသို့ သွားရောက် စာရင်းပြုစုလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။ (Xinhua)