Connect with us

Environment, Disasters & Accidents

စစ်တွေမြို့ ဒုက္ခသည် ကယ်ဆယ်ရေး စခန်း မီးလောင်ကျွမ်းမှုကြောင့် ကျပ် သိန်း ၁,၃၇၅ သိန်း ဆုံးရှုံး

စစ်တွေမြို့ ဘောဒူဖ ကယ်ဆယ်ရေး စခန်း မီးလောင်ကျွမ်း ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒူဖ ကယ်ဆယ်ရေး စခန်းအမှတ် (၂) ၌ မေလ ၃ ရက် က လောင်ကျွမ်းသော မီးကြောင့် ကျပ် သိန်း ၁,၃၇၅ သိန်း ဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ဘောဒူဖ ကယ်ဆယ်ရေး စခန်းအမှတ် (၂) ၌ ရှစ်ခန်းတွဲ အဆောင် (၁) အခန်း (၄) မှစ၍ မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ရှစ်ခန်းတွဲ အဆောင် ၄၉ ဆောင် စုစုပေါင်း ၃၉၂ ခန်း မီးကူးစက် လောင်ကျွမ်းခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေး စခန်း အဆောင် (၁) အခန်း (၄) နေ အဒူဟိုက်၏ နေအိမ်ခန်းမီးဖို ဆောင်တွင် မေ ၃ ရက် နံနက်ပိုင်းက ထမင်းချက်ရာမှ မီးစတင်လောင် ကျွမ်းခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ရှစ်ခန်းတွဲ အဆောင် ၄၉ ဆောင် အခန်း ၃၉၂ ခန်း မီးလောင်ဆုံးရှုံးကာ မီးကူးစက်လောင် ကျွမ်းမှု မရှိစေရေးအတွက် ရှစ်ခန်းတွဲ အဆောင် ခြောက်ဆောင်အား ဖျက်ဆီးခဲ့ရသည်။

အဆိုပါ ကယ်ဆယ်ရေး စခန်းအတွင်းရှိ ဒုက္ခသည် အိမ်ထောင်စု ၄၃၅ စု စုစုပေါင်းလူဦးရေ ၁,၇၄၄ ဦး တို့အား အုန်းတောကြီး ကယ်ဆယ်ရေး စခန်းရှိ ဈေးဆိုင်တန်းများတွင် နေရာချထားပေးပြီး ထိခိုက် ဒဏ်ရာရသူများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (စစ်တွေ) က အရေးပေါ် ကယ်ဆယ် ကုသခြင်း၊ ပျောက်ဆုံးသူများ ရှာဖွေခြင်း၊ ဆေးဝါးများ ထောက်ပံ့ခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.