Environment, Disasters & Accidents
ရေဘေး ဖြစ်ပွားမှုကြောင့် ၃ လတာ ကာလ အတွင်း သေဆုံးသူ ၉ ဦးရှိ

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)
နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၂၀ ရက် အထိ ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉ ဦးထိ ရှိခဲ့ကြောင်း လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။
ရေဘေးကြောင့် သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ၊ ချင်းပြည်နယ်တွင် ၂ ဦး ၊ ရှမ်းပြည်နယ်တွင် ၁ ဦး ၊ မန္တလေး တိုင်းဒေသကြီးတွင် ၄ ဦး စုစုပေါင်း ၉ ဦး ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရေဘေး ဖြစ်ပွားမှုကြောင့် ဘေးသင့် လူဦးရေ ၃၂၆၇၉၆ ဦး ပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။
ရေဘေး ဖြစ်ပွားမှုကြောင့် စုစုပေါင်း ကျပ် ၄၈၁,၂၀၁,၈၄၁ ထောက်ပံ့ထားကြောင်း သိရသည်။(Xinhua)