Connect with us

Environment, Disasters & Accidents

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ အေးရွာတွင် ကမ်းပါးပြိုကျမှုဖြစ်

မြစ်ကမ်းပါးပြိုကျမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာ တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၁၉ ရက်နေ့ အထိ ရှိ လူနေအိမ်ခြေ ၇၅ လုံး အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ကျား/မ ၃၀၃ ဦးတို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ အေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး အလျား ၃၀ ပေ အနံ ၃ ပေခန့်ထပ်မံပြိုကျခဲ့မှုဖြစ်ပွားခဲ့ကြောင်း ယင်းသို့ မြစ်ကမ်းပါးပြိုကျရာအနီး နေအိမ်နှစ်လုံးမှာ ကမ်းပါးပြိုကျမှုနှင့် ၁၀ ပေခန့်အကွာအထိနီး ကပ်လျက်ရှိလာသဖြင့် ၎င်းနေအိမ်နှစ်လုံးအားဖျက်သိမ်း၍ ကျေးရွာအတွင်းရှိ ဆွေမျိုးများ၏နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ကမ်းပါးပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

ကြောင်းနှင့် ရဲတပ်ဖွဲ့မှလည်း ပြောင်းရွှေ့နေထိုင်သူ မိသားစုများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.