Connect with us

Environment, Disasters & Accidents

ကလေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးလျက်ရှိ

မြစ်သာမြစ်ရေနှင့် နေရဉ္စရာချောင်းရေမြင့်တက်မှုကြောင့် ကလေးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေ၀င်ရောက်မှုဖြစ်စဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်သာမြစ်ရေနှင့် နေရဉ္စရာချောင်းရေမြင့်တက်မှုကြောင့် ကလေးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ထိုသို့ ရေဝင်ရောက်လျက်ရှိသည့် အင်းစိန်ကျေးရွာရှိ ဒေသခံပြည်သူ ၁၂၀ ဦးကို နတ်ချောင်းကျေးရွာ အောင်ဆုပန်ဘုန်းတော်ကြီး ကျောင်းသို့လည်းကောင်း၊ ထိုမာကျေးရွာမှ ဒေသခံပြည်သူ ၁၂၀ ဦးအား ကော့သလ္လန် ရာပြည့်ကျောင်းတိုက်သို့လည်းကောင်း၊ ကျီကုန်းကျေးရွာမှ ဒေသခံပြည်သူ ၁၈၇ ဦးအား ရေဆန်ကျွန်းဘုရား ဘုန်းတော်ကြီးကျောင်း သို့လည်းကောင်း၊ ပြင်သာကျေးရွာမှ ဒေသခံပြည်သူ ၇၈ ဦးအား အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း၊ တောင်ဦးကျေးရွာမှ ဒေသခံပြည်သူ ၁၂၀ ဦး အား ကျေးရွာဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ဖောင်ကူးကျေးရွာမှ ဒေသခံပြည်သူ ၁၂၈ ဦးအား တောင်ဖီလာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့လည်းကောင်း၊ နှောညောင်ပင်ကျေးရွာမှ ဒေသခံပြည်သူ ၂၀၀ ဦးအား ကန်ပုလဲကျေးရွာအခြေခံပညာ မူလတန်းကျောင်းသို့လည်းကောင်း မော်တော်ယာဉ် ၁၀ စီးဖြင့် ကူညီပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.