Environment, Disasters & Accidents
လေဖိအားနည်းရပ်ဝန်း ဆက်လက် တည်ရှိနေ၊ မုတ်သုံလေ အားကောင်းလျက်ရှိ
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါကြောင်း၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။
နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊ တစ်နာရီ ပင်လယ်လေမိုင် (၁၅-၂၀) မိုင်၊ တစ်ခါတစ်ရံ (၃၅-၄၀) မိုင်။
လှိုင်း အခြေအနေ၊ လှိုင်းအသင့်အတင့်မှ လှိုင်ကြီးနိုင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
မိုးလယ်ကာလတွင် မိုးရွာသွန်းမှု ဆက်လက် အားကောင်းနိုင်ပြီး မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၁) ကြိမ်ခန့်၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၂) ကြိမ်ခန့်စီ၊ ဧရာဝတီ မြစ်ရေသည် ရွှေကူမြို့၊ ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့ ၊မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦး မြို့ တို့တွင် (၁) ကြိမ် ခန့်စီ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂) ကြိမ်ခန့်စီ ၊ ဒုဋ္ဌဝတီ မြစ်ရေသည် မြစ်ငယ်မြို့တွင် (၁) ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ ရွှေကျင် မြစ်ရေသည် ရွှေကျင် မြို့တွင် (၁) ကြိမ်ခန့်၊ သံလွင် မြစ်ရေသည် ဘားအံမြို့တွင် (၂) ကြိမ်ခန့်၊ ပဲခူးမြစ် ရေသည် ပဲခူးမြို့တွင် (၁) ကြိမ်ခန့်၊ ငဝန် မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၂) ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း သိရသည်။
မချမ်းဘောမြို့တွင် မိုးရေချိန် စံချိန်ဟောင်း ၇.၃၂ လက်မ မှ မိုးရေချိန် စံချိန်သစ် ၇.၆၀ သို့ စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။ (Xinhua)