Connect with us

Environment, Disasters & Accidents

ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

မိုးလေဝသ ခန့်မှန်းချက်ပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်း နှင့် အနောက်မြောက်ပိုင်း တို့တွင် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း နေကြောင်း သိရသည်။ မြန်မာနိုင်ငံပေါ်တွင် တစ်ပြည်လုံးမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း၊ ယနေ့ မနက် (၀၆း၃၀) နာရီ အချိန်ထိ တိုင်းထွာချက်များ အရ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တို့မှာ နေရာအနှံ့အပြားနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာခဲ့သည်ဟု သိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့မှာ (၂.၂၀) လက်မ၊ ကော့သောင်းမြို့မှာ (၁.၇၇) လက်မ၊ စစ်တွေမြို့မှာ (၁.၄၆) လက်မ၊ ဇောင်းတူမြို့မှာ (၁.၂၆) လက်မ၊ ဘားအံမြို့မှာ (၁.၁၄) လက်မနဲ့ မြိတ်မြို့မှာ (၁.၀၆) လက်မတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.