Connect with us

Environment, Disasters & Accidents

ရေပြန်တောင်ကို နိုင်ငံတော် အသိအမှတ်ပြု သဘာဝ ထိန်းသိမ်းတော နယ်မြေတစ်ခု ဖြစ်လာစေရန် ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်သွားမည်

ရေပြန်တောင်အား တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ အမြင့်ပေ ၃,၈ဝဝ ကျော်၌ ရှိသော ရေပြန်တောင်ကို နိုင်ငံတော် အသိအမှတ်ပြု သဘာဝ ထိန်းသိမ်းတော နယ်မြေတစ်ခု ဖြစ်လာစေရန် ကနဦး ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း စိမ်းလန်း ပြင်ဦးလွင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရေပြန်တောင်၌ အမြင့်ပေ ၂ဝဝ ဝန်းကျင်ရှိ ရေတံခွန် အပါအဝင် ရေတံခွန် အဆင့်ခုနစ်ဆင့် အထိရှိပြီး တောအတွင်း၌ ရေထိန်း သစ်ပင်များ၊ သဘာဝ သစ်ပင်များ၊ ကျောက်ဂူ၊ ကျောက်စက် ပန်းဆွဲများနှင့် ကျေးငှက် သဘာဝ အလှအပများဖြင့် သာယာသော သဘာဝ ပတ်ဝန်းကျင် ဖြစ်သည်။ ယခင်က အဆိုပါ ရေတံခွန်သို့ သွားလာရန် ခက်ခဲသော်လည်း ယခုအခါ လာရောက် လည်ပတ်သူများ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ရေပြန်တောင်ကို ထိန်းသိမ်းခြင်းများ ပြုလုပ်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဖြစ်သည့် စိမ်းလန်း ပြင်ဦးလွင် အဖွဲ့က ဦးဆောင်ကာ အချက်အလက် စုဆောင်းမှု ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူများနှင့် ပတ်ဝန်းကျင် ကျေးရွာများကလည်း ပူးပေါင်း ပါဝင်မှုများ ရှိလာကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.