Connect with us

Environment, Disasters & Accidents

လှိုင်းဘွဲမြို့၌ အနိမ့်ပိုင်းဒေသများသို့ ရေဝင်ရောက် ခြင်းကြောင့် ကယ်ဆယ်ရေး စခန်းများသို့ပြောင်းရွှေ့နေရ

ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် အိမ်ထောင်စုများသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး လှိုင်းဘွဲ့ ချောင်းရေ မြင့်တက်လာ၍ အနိမ့်ပိုင်း ဒေသများသို့ ရေဝင်နစ်မြုပ်မှုများ ရှိသဖြင့် ရေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေး စခန်းများ သို့ပြောင်းရွှေ့နေရာ ချထားပေးထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

လှိုင်းဘွဲ့မြို့တွင်းရှိ လူနေအိမ်အောက်ထပ်များ ရေဝင်နစ်မြုပ်နေသဖြင့် ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်း၌ လှိုင်းဘွဲ့မြို့(က)ရပ်ကွက် အနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စု (၅)စုရှိ လူဦးရေ(၂၄)ဦးအား အ.မ.က(၆)တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ပြောင်းရွှေ့နေရာချ ထားပေးခြင်း၊ ညနေ(၃)နာရီအချိန်ခန့် ရွှေဂွန်းကျေးရွာ အုပ်စုတွင် အိမ်ထောင်စု (၄၉)အုပ်စု၊ လူဦးရေ(၂၄၀)ဦးတို့အား အထက်ဘုန်းတော် ကြီးကျောင်းသို့ ပြောင်းရွှေ့နေရာချထားပေးပြီး စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.