Connect with us

Environment, Disasters & Accidents

မြစ်ရေများ မြင့်တက်၊ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များ မိုးဇလထုတ်ပြန်

မြစ်ရေမြင့်တက်မှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

မြစ်ရေများ မြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

ပခုက္ကူ၊ညောင်ဦး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟသာၤတ၊ ဇလွန် မြို့များသည် ဧရာဝတီမြစ်ရေမြစ်တက်မှုကြောင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များမှာ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ မြို့များဖြစ်ကြသည်။

သံလွင်မြစ်ရေ မြင့်တက်နေသည့်အတွက် ဘားအံမြို့သည် စိုးရိမ်ရေ သုညမျက်နှာပြင်အထက် ၇၅၀ စင်တီမီတာ မြင့်တက်လျက်ရှိကြောင်း၊ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ငါးသိုင်းချောင်း မြို့ နှင့် သာပေါင်းမြို့များသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေကြာင်း၊ တိုးမြစ်ရေ မြင့်တက်မှုကြောင့် မအူပင်မြို့သည် စိုးရိမ်ရေ သုညမျက်နှာပြင်အထက် ၇၂၀ စင်တီမီတာမြင့်တက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.